25 ဖြောန့်မတ်တော်မူဟှူဖ! အယ်လောကဟှာ ကိုယ်တော့်ဟှို သိဂေ့ဟှ။ အယ်ဘေမဲ့ ကျွန်တော်ဟှာ ကိုယ်တော့်ဟှို သိဟှယ်။ ကိုယ်တော်ဟှာ ကျွန်တော့်ဟှို စေလွှတ်တော်မူဟှယ် ဆိုဇာဟှို အယ်လူလေဟှာ သိဂေ့ဟှယ်။ 26 ကျွန်တော့်ဟှို ကိုယ်တော် ရှစ်ဟှူမြစ်တာဟှာ သူးနို့နှိုက်ရှိစေဘီး ကျွန်တော်ဟှာလည်း သူးနို့နှိုက်ရှိနေဟှူကြောန့် ကိုယ်တော့်နာမဟှို သူးနို့ဟှို ကျွန်တော်သိစေပါဘီ။ ထပ်ဘီးလည်း သိစေအူးမယ်" ဆိုဘီး ပြောလေဟှယ်။