37 အယ်ကြောန့် ပိလတ်ဟှာ "အယ်ဆိုဟှာ နန်ဟှာ မန်းဂီးလော" ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
ယေရှုဟှ "သင်ပြောမျိုးဘဲ့ ငါဟှာ မန်းဂီးဖြစ်ဟှယ်။ ငါဟှာ သမ္မာတရားဟှို သတ်သေခံဟှို့တွပ် မွီးလာဘီး အယ်လောကဟှို ကြွလာဟှယ်။ သမ္မာတရားနဆိုင်ဟှူ လူလေဟှာ ငါ့စကားဟှို နားထောန်ဂေ့ဟှယ်" ဆိုဘီး ဖြေတော်မူလေဟှယ်။
38 ပိလတ်ဟှ "အယ်ဆိုဟှာ သမ္မာတရားဟှ ဖြားဇာနူး" ဆိုဘီး မေးလေဟှယ်။
ယေရှုဟှို သေဒန်ပေးဟှူကြောန်း
(မဿဲ ၂၇.၁၅–၃၁; မာကု ၁၅.၆–၂၀; လုကာ ၂၃.၁၃–၂၅)
အယ်ဘီးန ပိလတ်ဟှာ ပ္လန်မာရှိနေဟှူ ယုဒလူလေနားဟှို ပ္လန်ဟှားဘီးဟှာ "အယ်လူမာ ပြစ်စီရင်ဟှို့ဇာ ဖြားလည်း မှေ့ဟှ။