10 ပိလတ်ဟှာ ကိုယ်တော့်ဟှို "သင်ဟှာ ငါ့ဟှို စကားပြောနိုဘီလော။ ငါဟှာ သင့်ဟှို လွှတ်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဘီး ကားစင်တန်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဟှယ် ဆိုဇာဟှို သိဟှလော" ဆိုဘီး မေးလေဟှယ်။
11 ယေရှုဟှ "သင့်ဟှို ဘုရားသခင်ဟှ ပေးအပ်ဟှားဟှူကြောန့် အယ်မျိုးခွမ့်အာဏာဟှို ရဟှားဟှယ်။ အယ်ကြောန့် ငါ့ဟှို သင့်လတ်ထဲအပ်ဟှူ လူဟှာ ပြစ်ပိုကီးဟှယ်" ဆိုဘီး ဖြေလေဟှယ်။