39 ၁၉.၃၉ ယော ၃.၁,၂ရင်းရင်ဒူးဟှ ယေရှုဟှို ညဉ့်ခန်းဖတ်မာ လာတွိဟှူ နိကောဒင်ဟှာ မုရန်န အကျော် ရောနှောဟှားဟှူ နံ့သာ ပိဿာနှေ့ဆယ်ကျော်ဟှို ယူဟှားဘီး ယောသပ်နတူးဒူ လိုက်ဟှားဟှယ်။ 40 အယ်လူနှေ့ယော့-က်ဟှာ ယေရှုရဲ့ လောန်းဟှို ယူဘီး ယုဒလူလေရဲ့ သင်္ဂြိုဟ်ဇာနဆိုင်ဟှူ ထောင်းဒန်းစဉ်လာတိုင်း နံ့သာလေနတူးဒူ လောန်းတော်ဟှို ပိဖ္လူနပတ်လေဟှယ်။