4 ပိလတ်ဟှာ နော့-က်ထပ်တခါ ပ္လန်ဟှို ထွပ်လာဘီးဟှာ "အယ်လူဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ။ အယ်ကြောန့် နန်းနို့ဗြင်စေဟှို့ သူ့ဟှို နန်းနို့နားဟှို ငါခေါ်လာမယ်" ဆိုဘီး လူအောက်ဂီးဟှို ပြောလေဟှယ်။ 5 အယ်ဘီးန ယေရှုဟှာ ဆူးသရဖူန ခရမ်းရောန်ဝတ်ရောင်ဟှို ဝတ်ဟှားဘီး ပ္လန်ဟှို ထွပ်ကြွတော်မူလေဟှယ်။ ပိလတ်ဟှာ "ကေ့ကေ့! အယ်လူဘဲ့ဖြစ်ဟှယ်!" ဆိုဘီး သူနို့ဟှို ပြောလေဟှယ်။
6 ယဇ်ပုရောဟိတ်ဂီးလေန စောန့်လေဟှာ ကိုယ်တော့်ဟှို ဗြင်လိုက်ဟှူ ခီမာ "အယ်လူဟှို ကားစင်တန်ပါ! အယ်လူဟှို ကားစင်တန်ပါ!" ဆိုဘီး သူးနို့ဟှာ အော်ဟစ်ဂေ့ဟှယ်။
ပိလတ်ဟှာ "အယ်ဆိုဟှာ နန်းနို့ဟှာ အယ်လူဟှို ခေါ်ဆောန်ဟှားဘီး ကားစင်တန်ဂေ့။ ငါဟှာ သူ့ဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ" ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။