ကာနဗြို့ဟှအီတတ်ဗွဲ
1 သောင်းရစ်မြော့-က်နေ့မာ ဂါလိလဲနယ် ကာနဗြို့မာ အီတတ်ဗွဲလောက်လေဟှယ်။ အယ်ပွဲမာ ယေရှုရဲ့ မိလည်း ရှိနေဟှယ်။ 2 အယ်ဘီးဟှာ ယေရှုန တဗဲ့တော်လေဟှိုလည်း အီတတ်ဗွဲဟှို ဖိဟှားလေဟှယ်။ 3 ဝိုင်ကူဟှားခီမာ ယေရှုရဲ့မိဟှ "သူးနို့မာ ဝိုင်ကူဟှားဘီ" ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
4 ယေရှုဟှ "ဝှေ့မီးမ၊ နို့ဟှို ဖြားလောက်ရမယ် ဆိုဘီး ပြောန။ နို့ခီဟှာ ခုထိ ရော့-က်သေးဟှ" ဆိုဘီး ပ္လန်ပြောဟှယ်။
5 အယ်ဘီးန ယေရှုရဲ့ မိဟှ "နန်းနို့ဟှို သူစေခိုင်းဟှူတိုင်း လောက်ဂေ့" ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။
6 ယုဒလူလေမာ ဘာသာဓလေ့တိုင်း ဆေးကြောဇာနဆိုင်ဟှူ စည်းမျဉ်းလေရှိဟှယ်။ အယ်စည်းမျဉ်းလေကြောန့် အယ်နေရာမာ က္လော့-က်ရေအိုး ခြော့-က်လောင်းရှိဘီး ရေအိုးဂီးတလောင်းစီဟှာ ဂါလံနှေ့ဆယ်န သောင်းဆယ်ကြား ဝမ်ဆံ့ဟှယ်။ 7 ယေရှုဟှ "အယ်ရေအိုးလေဟှို ရေဖ္လဲ့ဂေ့" ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ပ္လဲ့အောန် ဖ္လဲ့ဂေ့ဟှယ်။ 8 အယ်ဘီးန ကိုယ်တော်ဟှ "ခု အယ်အိုးထဲဟှရေဟှို ခပ်ဘီးဟှာ ပွဲအောက်နားဟှို ယူဟှားဂေ့" ဆိုဘီး သူးနို့ဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ရေဟှို ယူဟှားဟှယ်။ 9 ခု အယ်ရေဟှာ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဘီး ပွဲအောက်ဟှ ဗြည်းလေဟှယ်။ အယ်ဝိုင်ဟှာ ဖယ်နေရာဟှ ရလာဟှယ် ဆိုဇာဟှို သူသိဟှ။ အယ်ဘေမဲ့ ရေခပ်လာဟှူ စေခံလေဟှာ ကောန်းကောန်းဟှားသိနေဟှယ်။ အယ်ကြောန့် သူဟှာ ဒို့သားဟှို ခေါ်လိုက်ဘီး၊ 10 "လူတိုင်းဟှာ ကောန်းဆောင်း ဝိုင်နဘဲ့ ဦးဆောင်းဧည့်ခံဟှယ်။ ဧည့်သည်လေ ဘောင်ဂီးသော့-က်ဘီးမှ ညံ့ဟှူဝိုင်န ဧည့်ခံဟှယ်။ အယ်ဘေမဲ့ နန်ဟှ ကောန်းဆောင်း ဝိုင်ဟှို ခုထိသီးဟှားလေဟှယ်!" ဆိုဘီး ပြောလေဟှယ်။
11 ယေရှုဟှာ ဦးဆောင်း နိမိတ်လတ်ခဏာဟှို ဂါလိလဲနယ် ကာနဗြို့မာ လောက်ဘီးဟှာ မိမိရဲ့ ဖောင်းသရေတော်ဟှို ဖွမ့်ပြလေဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။