ယေရှုဟှာ ဗိမာန်တော်ဟှို သွားဟှူကြောန်း
13 ယုဒလူလေရဲ့ ပသခါပွဲ နီးလာဟှူကြောန့် ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။ 14 ကိုယ်တော်ဟှာ ဗိမာန်တော်ထဲမာ သိုးလေ၊ နွားသားဂန်းလေ၊ ချိုးငှတ်လေဟှို ရောန်းဝယ်နေဟှူ လူလေန ကပ်လဲပေးမားလေဟှာ သူးနို့ရဲ့ စားဗွဲလေမာ ထိုင်နေဇာဟှို တွိဟှယ်။ 15 အယ်ကြောန့် ကိုယ်တော်ဟှာ ကြိုးလေန ကြာပွတ်ဟှို လောက်ဘီးန သိုးလေ၊ နွားလေ ဂူလောင်းဟှို ဗိမာန်တော်ထဲဟှ နန်ထုဘီးဟှား ကပ်လဲမားလေရဲ့ ဗွဲလေဟှိုလည်း မှော့-က်လှဲဘီးန သူးနို့ရဲ့ ဒန်းဂါးလေဟှို ဖ္လဲဖ္လဲစင်အောန် လောက်လေဟှယ်။ 16 အယ်ဘီးန ကိုယ်တော်ဟှာ ချိုးငှတ်ရောန်းဟှူ လူလေဟှို "အယ်ပစ္စည်းလေဟှို ယူဟှားဂေ့! ငါ့ဖရဲ့ အီတော်ဟှို ဆေးဖြစ်ဟှားအောန် လောက်ဂေ့န!" ဆိုဘီး မိန့်ပေးလိုက်ဟှယ်။ 17 ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ "အိုဘုရားသခင်၊ ကိုယ်တော်ရဲ့ အီတော်ဟှို ရှစ်ခင်တွယ်တာမှုဟှာ ကျွန်တော်ထဲမာ မီးမျိုး လောန်ကျွမ်းနေဟှယ်" ဆိုဘီး ကျမ်းစာဟှ ပြောဟှားဇာလေဟှို အော့-က်မေ့လာဂေ့ဟှယ်။