17 ယေရှုဟှာ "ငါဟှာ ဖနားဟှို တတ်ရသေးဘဲဟှူကြောန့် ငါ့ဟှို ထိနအူး။ ငါ့ညီကိုလေနားဟှို သွားဘီးဟှာ ငါ့ရဲ့ဖဖြစ်ဟှူ နန်းနို့ရဲ့ဖ၊ ငါ့ရဲ့ဘုရားသခင်ဖြစ်ဟှူ နန်းနို့ရဲ့ ဘုရားသခင်နားဟှို ငါတတ်ရအူးမယ် ဆိုဇာဟှို ပြောပါ" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
18 အယ်ကြောန့် မာဂဒလဝါသူ မာရိဟှာ တဗဲ့တော်လေနားဟှို သွားဘီး သခင်ဘုရားဟှို တွိဟှားကြောန်းန ကိုယ်တော် မိန့်တော်မူဟှားဟှူ ဇာလေဟှို ပြောပြလေဟှယ်။