Pular para o conteúdo
Publicidade

ယောဟန် 20

ယေရှုန သောမ

24 ယေရှုကြွလာတော်မူဟှူ ခီမာ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တယော့-က်ဖြစ်ဟှူ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမဟှာ သူးနို့နတူးဒူ မှေ့ဟှ။ 25 အယ်ကြောန့် တခြားတဗဲ့တော်လေဟှာ "နို့လေဟှာ သခင်ဘုရားဟှို ဗြင်ရပီးဘီ!" ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။

သောမဟှာ "လတ်တော်မာ သံရိုက်ရာဟှို ဗြင်ရဘဲန၊ သံရိုက်ရာဟှို တို့စမ်းရဘဲန၊ နံဘေးတော်ဟှို လတ်ညှိုးန စမ်းသပ်ရဘဲန ငါယောင်ကြည်ဟှို့ မှုဟှ" ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။

26 တဘတ်ကြာဘီးန တဗဲ့တော်လေဟှာ အီထဲမာ ပ္လန်စုဝီနေဟှူ ခီမာ သောမလည်း သူးနို့နတူးဒူ ရှိနေလေဟှယ်။ ခွဗော့-က်လေဟှို ပိဟှားဘေမဲ့ ယေရှုဟှာ ကြွလာတော်မူဘီး သူးနို့လယ်မာ ရပ်တော်မူဘီးဟှာ "နန်းနို့မာ ငြီသတ်မှုရှိစေ" ဆိုဘီး မိန့်တော်မူလေဟှယ်။ 27 အယ်ဘီးန ကိုယ်တော်ဟှာ "နန့်ရဲ့လတ်ညှိုးန အယ်နေရာဟှို တို့ဘီးဟှာ ငါ့လတ်လေဟှိုကေ့။ အယ်ဘီးဟှာ နန့်လတ်ဟှို ဆန့်ဘီး ငါ့နံဘေးဟှို စမ်းသပ်ကေ့။ သံသယမှေ့ဘဲ့န ယောင်ကြည်ပါ!" ဆိုဘီး သောမဟှို မိန့်တော်မူလေဟှယ်။

28 သောမဟှာ "ကျွန်တော့်သခင်၊ ကျွန်တော့်ဘုရားသခင်!" ဆိုဘီး ကိုယ်တော့်ဟှို လျှော့-က်လေဟှယ်။

29 ယေရှုဟှာ "နန်ဟှာ ငါ့ဟှို ဗြင်ရဟှူကြောန့် ယောင်ကြည်ဇာလော။ ငါ့ဟှို ဗြင်ဘဲ့န ယောင်ကြည်ဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!" ဆိုဘီးသူ့ဟှို မိန့်တော်မူလေဟှယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.