19 စီရင်ရှင်းရဲ့ ဘောတရားဟှ အယ်မျိုးဖြစ်ဟှယ်။ လန်းရောန်ဟှာ လောကထဲဟှို ရော့-က်လာဟှယ်။ အယ်ဘေမဲ့ လူလေဟှာ သူးနို့ရဲ့ ကျင့်လေ ဆိုးညစ်ဟှူကြောန့် လန်းရောန်ထတ် မှောန်မိုက်ဟှို ရှစ်ဂေ့ဟှယ်။ 20 ဆိုးညစ်ဟှူ လူတိုင်းဟှာ လန်းရောန်ဟှို မူးဘီး လန်းရောန်နားဟှို လာဂေ့ဟှ။ သူးနို့ရဲ့ ဆိုးညစ်ဟှူ ကျင့်လေဟှို ထန်ရှားရှင်ဂေ့ဘဲဟှူကြောန့် ဖြစ်ဟှယ်။ 21 အယ်ဘေမဲ့ သမ္မာတရားအားဖြင့် သတ်ရှင်ဟှူ လူလေဟှာ လန်းရောန်နားဟှို လာဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ လောက်ဆောန်ဟှူ ဇာလေဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ထန်းထန်ရှားရှားဟှား ဗြင်ရလေဟှယ်။
Publicidade