23 စစ်မှန်ဟှူ ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သစ်စာနရော ဖဟှို ကိုးကွယ်ရမယ့်ခီဟှာ ရော့-က်လာလေ့မယ်။ အယ်ဘေမဲ့ ခုဘဲ့ရော့-က်နေဘီ။ အယ်မျိုး ကိုးကွယ်သူလေဟှို ဖဟှ လိုရှင်ဟှယ်။ 24 ဘုရားသခင်ဟှာ ဝိညာဉ်ဖြစ်ဟှူကြောန့် ကိုယ်တော့်ဟှို ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သမ္မာတရားနရော ကိုးကွယ်ရမယ်" ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။