27 အယ်ခီမာဘဲ့ ယေရှုရဲ့ တဗဲ့တော်လေဟှာ ပ္လန်ရော့-က်လာဟှယ်။ ကိုယ်တော်ဟှာ မီးမတယော့-က်န စကားပြောနေဇာဟှို သူးနို့လေဟှာ တွိလိုက်ကြောန့် ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ "ဖြားဇာလိုရှင်ဟှိနူး" ဆိုဘီး အယ်မီးမဟှို ဖယ်လူလည်းမေးဂေ့ဟှ။ "ဖြားဖြစ်ကြောန့် အယ်မီးမန စကားပြောနေရနူး" ဆိုဘီးလည်း ကိုယ်တော့်ဟှို ဖယ်လူလည်းမေးဂေ့ဟှ။