46 ၄.၄၆ ယော ၂.၁–၁၁ အယ်ဘီးန ယေရှုဟှာ ရေဟှနေ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဟှူ ဂါလိလဲနယ် ကာနဗြို့ဟှို ပ္လန်ဟှားဟှယ်။ ကပေရနောင်ဗြို့ဟှ ရာရှိတယော့-က်ရဲ့ သားဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ 47 ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ယေရှုရော့-က်လာဟှယ် ဆိုဇာဟှို အယ်ရာရှိဟှာ ကြားဟှားခီမာ ကိုယ်တော်နားဟှို သွားဘီး သေခါနီးဖြစ်နေဟှူ သူ့သားရဲ့ နာဟှို ပျော့-က်စေဟှို့တွပ် တောန်းလျှော့-က်လေဟှယ်။ 48 ယေရှုဟှ "နန်းနို့ဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဘဲ ဆိုဟှာ ယောင်ကြည်ဂေ့ဟှို့ မှုဟှ" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
49 ရာရှိဟှ "ဆရာ၊ ကျွန်တော့်သား သေခန် ကျွန်တော်နတူးဒူ လိုက်ပါ" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
50 ယေရှုဟှ "သွားလိုက်ပါ။ နန့်ရဲ့သား သတ်ရှင်ဟှားလေ့မယ်" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
အယ်လူဟှာ ယေရှုရဲ့ စကားတော်ဟှို ယောင်ကြည်ဘီး သွားလိုက်ဟှယ်။ 51 အီပ္လန်လမ်းမာ သူ့ရဲ့ စေခံလေဟှ သူ့ဟှို တွိဟှူခီမာ "သခင်ရဲ့သားဟှာ သတ်ရှင်ဟှားဘီ!" ဆိုဘီး ပြောဂေ့ဟှယ်။
52 သူဟှာ သူ့ရဲ့သား နာပျော့-က်ဟှားခီဟှို စေခံလေဟှို မေးဟှူခီမာ သူးနို့လေဟှ "နတ်ကီးမွန်းဒဲ့ တနာရီမာ နာပျော့-က်ဟှားဟှယ်" ဆိုဘီး ဖြေဂေ့လေဟှယ်။ 53 အယ်ခီဟှာ "နန့်ရဲ့သား သတ်ရှင်ဟှားဘီ" ဆိုဘီး ယေရှုပြောလိုက်ဟှူ ခီဖြစ်ဟှယ် ဆိုဇာဟှို ဖဟှာ ဒိရဟှားလေဟှယ်။ အယ်ကြောန့် သူ့န သူ့ရဲ့အီသား ဂူလောင်းဟှာ ယောင်ကြည်ဂေ့ဟှယ်။
54 အယ်မူဇာဟှာ ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ရော့-က်လာဘီးန ယေရှုလောက်ဟှူ ဒုတိယ နိမိတ်လတ်ခဏာ ဖြစ်ဟှယ်။