44 ငါ့ဟှို စေလွတ်ဟှူ ဖဟှ သူးနို့ဟှို ဆွဲခေါ်ဟှ ဆိုဟှာ လူလေဟှာ ငါ့နားဟှို လာနိုင်ဂေ့ဟှ။ ငါ့နားဟှို လာဟှူလူလေဟှို နော့-က်ဆောင်းနေ့မာ ငါဟှာ ရှင်ပ္လန်ထမြော့-က်စေမယ်။ 45 ပရောဖက်ကျမ်းလေမာ ‘လူတိုင်းဟှာ ဘုရားသခင်အားဖြင့် သွန်သန်ပေးဇာဟှို ခံရလေ့မယ်’ ဆိုဘီး ရေးဟှားဟှယ်။ ဖနားဟှ ကြားရဘီး သန်ယူဟှူ ဖယ်သူမဆို ငါ့နားဟှို လာဂေ့ဟှယ်။ 46 အယ်မျိုးဆိုဟှာ ယော့-က်ယော့-က်ဟှ ဖဟှို ဗြင်ဖူးဟှယ် ဆိုဘီး ပြောရှင်ဇာ မှုဟှ။ ဘုရားသခင်နားဟှနေ ရော့-က်လာဟှူသူ တယော့-က်ဘဲ့ ဖဟှို ဗြင်ဖူးဟှယ်။ 47 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါ့ဟှို ယောင်ကြည်ဟှူ လူဟှာ ထာဝရသတ်ဟှို ရဟှယ်။