66 အယ်ခီဟှစဘီး ယေရှုရဲ့ တဗဲ့တော်လေဘောင်ဂီးဟှာ လှည့်ပ္လန်ဟှားဘီး နော့-က်ထပ် ကိုယ်တော်နတူးဒူ လိုက်ဂေ့ဟှမ်း။ 67 အယ်ကြောန့် ယေရှုဟှ တဗဲ့တော်ဆယ့်နှေ့ပါးဟှို "နန်းနို့လည်း ထွပ်ဟှားရှင်ဂေ့လော" ဆိုဘီး မေးတော်မူလေဟှယ်။
68 ၆.၆၈ မ ၁၆.၁၆; မာ ၈.၂၉; လု ၉.၂၀ ရှိမုန်ပေတရုဟှာ ကိုယ်တော့်ဟှို "သခင်၊ ကျွန်တော့်ဟှားလေဟှ ဖယ်လူနားဟှို သွားရဂေ့ဟှို့နူး။ ထာဝရသတ်နဆိုင်ဟှူ စကားတော်လေဟှ ကိုယ်တော်မာဘဲ့ရှိဟှယ်။ 69 အယ်ဘီးဟှာ ကိုယ်တော်ဟှာ ဘုရားသခင်နားဟှနေ ကြွလာဟှူ သန့်ရှင်းသူဖြစ်ဟှယ် ဆိုဇာဟှို ခု ကျွန်တော့်ဟှားလေ ယောင်ကြည်ဘီး သိဂေ့ဟှယ်" ဆိုဘီး ဖြေတော်မူလေဟှယ်။