4 သူးနို့လေဟှ ယေရှုဟှို "ဆရာ၊ အယ်မီးမဟှို အီထောန်ရေးဖော့-က်ပ္လန်နေဒူးမာ ဖမ်းမိဟှယ်။ 5 ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားမာ မောရှေဟှ အယ်မျိုးမီးမဟှို က္လော့-က်ခဲန သေအောန်ပစ်ရမယ် ဆိုဘီး ပညတ်ဟှားဟှယ်။ အယ်ဆိုဟှာ ဆရာဟှ ဖယ်မျိုးပြောမယ်နူး" ဆိုဘီး မေးဂေ့ဟှယ်။ 6 သူးနို့ဟှာ ယေရှုဟှို စွပ်စွဲရှင်ဟှူကြောန့် ထောန်ချော့-က်ဆင်ဟှို့ အယ်မျိုးပြောဂေ့ဟှယ်။
အယ်ဘေမဲ့ ကိုယ်တော်ဟှာ ခေါန်းငေါက်ဘီး မ္လေဂီးထတ်မာ လတ်ညိုးန ရေးနေတော်မူလေဟှယ်။ 7 သူးနို့ဟှာ အယ်နေရာမာဘဲ့ မတ်တတ်ရပ်နေဘီး မေးခွန်းလေ မေးနေဟှူကြောန့် ကိုယ်တော်ဟှာ မော့ကေ့ဘီး "နန်းနို့ထဲဟှ ပြစ်မှေ့ဘဲလူဟှာ ဦးဆောင်း အယ်မီးမဟှို က္လော့-က်ခဲနပစ်ဂေ့ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။ 8 အယ်ဘီးန ကိုယ်တော်ဟှာ ခေါန်းငေါက်ဘီး မ္လေဂီးထတ်မာ ပ္လန်ဘီးရေးတော်မူလေဟှယ်။
9 သူးနို့ဟှာ အယ်မူစကားကြားရဟှူ ခီမာ သတ်ကီးဟှူ လူလေဟှစဘီး ယော့-က်ဘီးယော့-က် ထွပ်ဟှားဂေ့လေဟှယ်။ ယေရှုတပါးဒဲဘဲ့ အယ်နေရာမာ ရပ်နေဟှူမီးမနတူးဒူ ကျန်ရစ်ဟှယ်။ 10 ယေရှုဟှာ မော့ကေ့ဘီး အယ်မီးမဟှို "သူးနို့ ဖယ်ရော့-က်ဟှားဂေ့နူး။ နန့်ဟှို ပြစ်စီရင်ဟှို့ ယော့-က်လည်းမှေ့ဟှမ်းလော။" ဆိုဘီး မေးတော်မူလေဟှယ်။
11 "ယော့-က်လည်းမှေ့ဟှမ်း။ ဆရာ" ဆိုဘီး အယ်မီးမဟှ ပ္လန်ဖြေလေဟှယ်။
ယေရှုဟှ "ငါလည်း နန့်ဟှို ပြစ်စီရင်ဟှ။ သွားလိုက်။ အယ်ဘေမဲ့ ပ္လန်ဘီးပြစ်လောက်န" ဆိုဘီး မိန့်တော်မူဟှယ်။]၈.၁၁ မူရင်းလတ်ရေးမူလေ ဘောင်ဂီးန ရှေးဘာသာပ္လန်လေမာ အယ်စာပိုဒ် (၇.၅၃—၈.၁–၁၁) ဟှာ မှေ့ဟှ၊ တချို့ မူရင်းလတ်ရေးမူမာ အယ်စာပိုဒ်ဟှို ယော ၂၁.၂၄ နော့-က်မာရှိဘီး၊ တချို့ မူရင်းလတ်ရေးမူမာ အယ်စာပိုဒ်ဟှို လု ၂၁.၃၈ နော့-က်မာရှိဘီး မူရင်းလတ်ရေးမူ တခုမာဆို အယ်စာပိုဒ်ဟှာ ယော ၇.၃၆ နော့-က်မာရှိဟှယ်။