ယေရှုဟှာ လူတယော့-က်ဟှို ကျန်းမာစေဟှူကြောန်း
40 နူနာသယ် တယော့-က်ဟှာ ယေရှုနားဟှို ရော့-က်လာဟှူ ခီမာ ဒူးထော့-က်ဘီးဟှာ "ကိုယ်တော်လိုရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ"၁.၄၀ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ၊ အယ်ရောဂါဟှာ လူတယော့-က်ဟှို သန့်ရှင်းဘဲအောန် လောက်ဟှားဟှယ်။ ဆိုဘီး တောန်းဗန်လေဟှယ်။
41 ယေရှုဟှာ သနား၁.၄၁ သနား၊ တချို့ မူရင်းလတ်ရေးမူလေမာ မျစ်ဒေါသ၊ ဆိုဘီး ပါရှိဟှယ်။တော်မူဟှားဘီး လတ်တော်ဟှို ဆန့်ဘီးဟှာ အယ်လူဟှို ထိလိုက်ဟှယ်။ "ငါလိုရှိဟှယ်။ သန့်ရှင်းစေ!" ဆိုဘီး မိန့်တော်မူလေဟှယ်။ 42 ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့-က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ်။