15 ၁၀.၁၅ မ ၁၈.၃ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို သားဂန်းတယော့-က်မျိုး လတ်ခံဘဲဟှူလူဟှ နိုင်ငံတော်ဟှို လောင်းဝ ဝမ်ရလေ့ဟှို့ မှုဟှ" ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ 16 အယ်ဘီးန ကိုယ်တော်ဟှာ သားဂန်းလေဟှို ခီလိုက်ဘီး သူးနို့ထတ်မာ သူ့ရဲ့ လတ်လေဟှို တန်ဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှို ကောန်းဂျီးပေးလေဟှယ်။