4 ၁၀.၄ မ ၅.၃၁ သူးနို့ရဲ့ ဖြေဟှ "လူတယော့-က်ဟှာ သူ့မယားဟှို ကွာရှင်းစာချောက်ဟှို ပေးဘီး ကွာရှင်းဟှို့တွပ် မောရှေဟှ ခွမ့်ပြုဟှားဟှယ်" ဆိုဘီး ဖြစ်ဟှယ်။
5 ယေရှုဟှ "မောရှေဟှာ အယ်မျိုးပညတ်ချစ်ဟှို နန်းနို့လေတွပ် ရေးဟှားဟှယ် ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရဲ့ စိနှလောင်းမာကျောဟှူကြောန့် ဖြစ်ဟှယ်။ 6 အယ်ဘေမဲ့ ကျမ်းစာမာ ပြောဟှားတိုင်းဘဲ့ ဖန်ဆင်းစဒူးဟှ ‘ဘုရားသခင်ဟှာ ယော့-က်ကျားန မီးမဟှို ဖန်ဆင်းဟှားဟှယ်။ 7 အယ်ကြောန်းကြောန့် ယော့-က်ကျားဟှ သူ့မိဖဟှို စွန့်ဘီး သူ့မီးမန ပေါန်းသင်းလေဟှယ်။၁၀.၇ တချို့ မူရင်းလတ်ရေးမူလေမာ အယ်ဘီးဟှာ သူ့မီးမနတူးဒူ ပေါန်းသင်းလေဟှယ်၊ ဆိုဇာဟှာ မှေ့ဟှ။ 8 အယ်ဘီးဟှာ အယ်နှေ့ယော့-က်ဟှာ တသားတကိုယ်ဒဲ ဖြစ်လာလေ့မယ်။’ အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့-က်မှုဟှ။ အယ်ဘေမဲ့ တယော့-က်ဒဲဘဲ့ ဖြစ်ဟှယ်။ 9 အယ်ကြောန့် ဘုရားသခင် ပေါန်းစပ်ပေးဟှားဇာဟှို လူခွဲခွာစေန" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။