6 အယ်ဘေမဲ့ ကျမ်းစာမာ ပြောဟှားတိုင်းဘဲ့ ဖန်ဆင်းစဒူးဟှ ‘ဘုရားသခင်ဟှာ ယော့-က်ကျားန မီးမဟှို ဖန်ဆင်းဟှားဟှယ်။ 7 အယ်ကြောန်းကြောန့် ယော့-က်ကျားဟှ သူ့မိဖဟှို စွန့်ဘီး သူ့မီးမန ပေါန်းသင်းလေဟှယ်။၁၀.၇ တချို့ မူရင်းလတ်ရေးမူလေမာ အယ်ဘီးဟှာ သူ့မီးမနတူးဒူ ပေါန်းသင်းလေဟှယ်၊ ဆိုဇာဟှာ မှေ့ဟှ။ 8 အယ်ဘီးဟှာ အယ်နှေ့ယော့-က်ဟှာ တသားတကိုယ်ဒဲ ဖြစ်လာလေ့မယ်။’ အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့-က်မှုဟှ။ အယ်ဘေမဲ့ တယော့-က်ဒဲဘဲ့ ဖြစ်ဟှယ်။ 9 အယ်ကြောန့် ဘုရားသခင် ပေါန်းစပ်ပေးဟှားဇာဟှို လူခွဲခွာစေန" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။