ယေရှုဟှာ သဖန်းဗန်ဟှို ကီဆဲဟှူကြောန်း
12 နော့-က်တနေ့မာ သူးနို့ဟှာ ဗေသနိဝါဟှနေ ပ္လန်လာဂေ့ဟှူ ခီမ ယေရှုဟှ ဗိုက်ဆာနေဟှယ်။ 13 ကိုယ်တော်ဟှာ ဝပ်လေန ဖောင်းနေဟှူ သဖန်းဗန်ဟှို ဝီးဟှနေ ဗြင်လေဟှယ်။ အယ်ကြောန့် သီးတွိနိုင်ဟှယ် ဆိုဘီး ပန်နားဟှို သွားလိုက်ဟှယ်။ အယ်ဘေမဲ့ ပန်နားဟှို ရော့-က်ဟှားဟှူ ခီမာ သဖန်းသီးဆွပ်ဟှို့ခီ ရော့-က်သေးဘဲဟှူကြောန့် ဝပ်လေဘဲ့ တွိဟှယ်။ 14 အယ်ဆိုန ယေရှုဟှ "နန့်ရဲ့ သီးဟှို ကာလစဉ်ဆစ် ဖယ်သူလဲ စားရစေန!" ဆိုဘီး သဖန်းဗန်ဟှို မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေလည်း ကြားဂေ့ဟှယ်။