သဖန်းဗန်ဟှ သင်ဂန်းဇာ
20 သူးနို့ဟှာ နော့-က်တနေ့ မိုးလန်းစောစောဂီး လမ်းရှော့-က်ဟှားဂေ့ဟှူ ခီမာ ပြစ်ဟှနေဘီး ခြော့-က်နေဟှူ သဖန်းဗန်ဟှို သူးနို့ဟှာ ဗြင်ဟှားဂေ့ဟှယ်။ 21 ပေတရုဟှ ဒိရဟှားဘီး ယေရှုဟှို "ဆရာ၊ ကေ့လိုက်ဂေ့! ကိုယ်တော် ကီဆဲလိုက်ဟှူ သဖန်းဗန်ဟှာ ခြော့-က်ဟှားဘီ!" ဆိုဘီး လျှော့-က်လေဟှယ်။
22 ယေရှုဟှ "ဘုရားသခင်ဟှို ယောင်ကြည်ပါ။ 23 ၁၁.၂၃ မ ၁၇.၂၀; ၁ ကော ၁၃.၂ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်တောန်ဟှို ‘အယ်နေရာဟှနေ ရွေ့ဘီး ပန်လယ်ထဲဟှို က္လလော’ ဆိုဘီး သူ့ရဲ့ စိနှလောင်းထဲမာ သံသယမှေ့ဘဲ့ ယောင်ကြည်ဘီး ပြောမယ် ဆိုဟှာ အယ်တိုင်းဘဲ့ ဖြစ်လေ့မယ်။ 24 အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ဟှာ တခုခုတွက် ဆုတောန်းဘီး တောန်းရှော့-က်ဟှူ ခီမာ အယ်ဇာဟှို ရပီးဘီး ဆိုဘီး နန်းနို့ ယောင်ကြည်ဂေ့။ အယ်ဆိုဟှာ နန်းနို့ ဖြားဇာဘဲ့ တောန်းတောန်း ရဂေ့လေ့မယ်။ 25 ၁၁.၂၅,၂၆ မ ၆.၁၄,၁၅နန်းနို့လေဟှာ ရပ်ဘီး ဆုတောန်းဟှူ ခီမာ နန်းနို့မာ ယော့-က်ယော့-က်ဟှို ပြစ်မှားဇာ တခုခုရှိမယ် ဆိုဟှာ အယ်လူဟှို ခွမ့်လွှတ်ဂေ့။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်ဟှ နန်းနို့ဖလည်း နန်းနို့လေရဲ့ ပြစ်ဟှို လွှတ်ပေးလေ့မယ်။"