ယေရှုရဲ့ မိန ညီလေကြောန်း
31 ယေရှုရဲ့ မိန ညီလေဟှာ ရော့-က်လာဂေ့ဟှယ်။ သူးနို့ဟှာ အီပ္လန်မာ ရပ်နေဘီးဟှာ ကိုယ်တော့်ဟှို ခေါ်ဟှို့တွပ် ယော့-က်ယော့-က်ဟှို စေလွှတ်လေဟှယ်။ 32 လူအောက်ဂီးဟှ ယေရှုရဲ့ ဘေးပတ်ပတ်လည်မာ ထိုင်နေဂေ့ဟှယ်။ သူးနို့ဟှ "ကိုယ်တော်ရဲ့ မိ၊ ညီလေန ညီမလေဟှ ပ္လန်မာရှိဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို တွိရှင်နေဂေ့ဟှယ်" ဆိုဘီး ကိုယ်တော့်ဟှို လျှော့-က်ဂေ့လေဟှယ်။
33 ယေရှုဟှ "ငါ့မိဟှ ဖယ်သူနူး။ ငါ့ညီကိုလေဟှ ဖယ်သူနူး" ဆိုဘီး ပ္လန်ဘီး မိန့်တော်မူလေဟှယ်။ 34 ကိုယ်တော်ဟှာ သူ့ပတ်ပတ်လည်မာ ထိုင်နေဟှူ လူလေဟှို ကေ့ဘီးဟှာ "အယ်လူလေဟှာ ငါ့မိ၊ ငါ့ညီ၊ ငါ့ညီမ ဖြစ်ဟှယ်! 35 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဟှူလူဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိဘဲ့ ဖြစ်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။