25 အယ်နေရာမာ ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်ရောဂါဟှို ပြင်းပြင်းထန်ထန် ခံစားနေရဟှူ မီးမတယော့-က်ရှိဟှယ်။ 26 သူဟှာ ဆရာဝန်လေ ဘောင်ဂီးနလည်း ကုသဟှားပီးဘီ။ သူ့ရဲ့ကပ်လေ ဂူလောင်းလည်း ကူဟှားဘေမဲ့ သတ်သာလာဟှို့ နေနေသာသာ ရောဂါဟှ ပိုဘီး ဆိုးလာဟှယ်။ 27 အယ်မီးမဟှာ ယေရှုကြောန်းဟှို ကြားဟှားလေဟှယ်။ အယ်ကြောန့် ဝတ်ဟှို တို့ဟှို့တွပ် ကိုယ်တော်နော့-က်ဟှ လူအောက်ဂီးထဲဟှို ရော့-က်လာဘီး 28 "ငါဟှာ ကိုယ်တော့်ဝတ်ဟှို တို့လိုက်မယ် ဆိုဟှာ ငါ့ဟှာ ကျန်းမာဟှားလေ့မယ်။" ဆိုဘီး သူ့ကိုယ်သူ ပြောနေလေဟှယ်။
29 သူဟှာ ကိုယ်တော်ရဲ့ ဝတ်လောင်ဟှို တို့လေဟှယ်။ တို့လိုက်ဟှူန သူ့ရဲ့ သွီးသွန်နေဇာလေဟှာ ရှစ်ရှင်းဘဲ့ ရပ်ဟှားဘီး၊ သူဟှာ ရောဂါပျော့-က်ဟှားဘီ ဆိုဇာဟှို သူ့ကိုယ်ထဲမာ ခံစားရနေဟှယ်။ 30 ရှစ်ရှင်းဘဲ့ ယေရှုဟှာ သူ့ကိုယ်ဟှ တဂိုးထွပ်ဟှားဇာဟှို သိဟှားကြောန့် လူအောက်ဂီးဖတ်ဟှို လှည့်ဘီးဟှာ "ငါ့ဝတ်ဟှို ဖယ်သူတို့နူး" ဆိုဘီး မေးလေဟှယ်။
31 တဗဲ့တော်လေဟှ "လူလေဟှ ကိုယ်တော့်ဟှို တိုးဝှေ့နေဇာဟှို ဗြင်းဗြင်ဟှိန၊ ‘ငါ့ဟှို ဖယ်သူတို့ဟှယ်နူး’ ဆိုဘီး ခုထိ ကိုယ်တော်ဟှာ မေးနိုင်သေးဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။ 32 အယ်ဘေမဲ့ ယေရှုဟှာ အယ်ဇာဟှို ဖယ်သူလောက်ဟှယ် ဆိုဇာဟှို ဗြင်ဟှို့တွပ် ပတ်ပတ်လည်ဟှို ကေ့နေလေဟှယ်။ 33 အယ်မီးမဟှ သူ့မာ ဖြားမျိုးဖြစ်ဟှားဇာဟှို သိနားလည်ဟှားဟှယ်။ အယ်ကြောန့် သူဟှာ ကြော့-က်ကြော့-က်လန့်လန့်န ကိုယ်တော့်ခေရင်းမာ ဒူးထော့-က်ဘီးဟှာ မှန်တိုင်းပြောလေဟှယ်။ 34 ယေရှုဟှ "ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ဘီးသွားပါ၊ နန့်ရဲ့ ဝေဒနာဟှနေ လွှတ်မြော့-က်စေ" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။