21 နော့-က်ဆောင်းမာ ဟေရောဒိဟှာ ခွမ့်ရေး ရဟှားဟှယ်။ အယ်ခွမ့်ရေးဟှာ ဟေရုဒ် မွေးနေ့မာ ဖြစ်ဟှယ်။ အယ်နေ့မာ ဟေရုဒ်ဟှ ထိတန်းစိုးရ ရာရှိဂီးလေ၊ တပ်မတော် ရာရှိဂီးလေ၊ ဂါလိလဲနယ်ရဲ့ ခေါန်းဆောန်ဂီးလေ အားလောင်းတွပ် စားသော့-က်ဗွဲဂီး ကျင်းပပေးလေဟှယ်။ 22 ဟေရောဒိရဲ့ မီးဟှား၆.၂၂ ဟေရောဒိရဲ့ မီးဟှား၊ တချို့ မူရင်းလတ်ရေးမူလေမာ သူ့သမီးဟှား ဟေရောဒိ၊ ဆိုဘီး ရှိဟှယ်။ဟှ လာဘီးဟှာ ကပြလေဟှယ်။ အယ်ခီမာ ဟေရုဒ်န သူ့ရဲ့ ဧည့်သည်လေဟှာ ကျေနပ်ဟှားလေဟှယ်။ အယ်ကြောန့် မန်းဂီးဟှ မီးမငယ်ဟှို "နန်ဖြားဇာလိုရှင်နူး။ နန်လိုရှင်ဇာလေဟှို ငါပေးမယ်" ဆိုဘီး ပြောလေဟှယ်။