48 လေဆန်ဟှို လှေလှော်နေဟှူကြောန့် ရရာတိုင်း ပန်းနေဟှူ တဗဲ့တော်လေဟှို ကိုယ်တော်ဟှ ဗြင်ဟှားလေဟှယ်။ အယ်ကြောန့် မိုးလန်းသောင်းနာရီန ခြော့-က်နာရီ ကြားမာ ကိုယ်တော်ဟှာ ရေထတ်မာ လမ်းရှော့-က်ဘီးဟှာ၆.၄၈ လမ်းရှော့-က်ဘီးဟှာ၊ အယ်မျိုးမှုဘဲ့နေဟှာ သူးနို့လေန ပူးပေါန်းလေဟှယ်။ သူးနို့နားဟှို ရော့-က်လာလေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျော်ဖြတ်ဟှို့ လောက်လေဟှယ်။ 49 အယ်ဘေမဲ့ တဗဲ့တော်လေဟှ ရေထတ်မာ ကိုယ်တော်ဟှာ လမ်းရှော့-က်နေဇာဟှို ဗြင်ဟှားဟှူ ခီမာ "ဖုကသေ ဖြစ်ဟှယ်!" ဆိုဇာဟှို ထန်ဘီးဟှာ အော်ဟစ်ဂေ့ဟှယ်။ 50 သူးနို့လေ ဂူလောင်းဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ ထိလန့်နေဂေ့ဟှယ်။
ယေရှုဟှ ရှစ်ရှင်းဘဲ့ "သတ်တိရှိဂေ့!" ဆိုဘီး ပြောလေဟှယ်။ "ငါဘဲ့ဖြစ်ဟှယ်။ ကြော့-က်ဂေ့န!" 51 အယ်ဘီးန သူးနို့ရှိနေဟှူ လှေထတ်ဟှို တတ်ဟှားဟှူ ခီမာ လေဟှာ ငြီဟှားလေဟှယ်။ တဗဲ့တော်လေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။