11 အယ်ဘေမဲ့ နန်းနို့ဟှ အယ်မျိုးသွန်သန်ဘီး လူလေမာ သူးနို့ရဲ့ မိဖဟှို ကူညီဟှို့ တခုခုရှိဟှယ် ဆိုဟှာ ‘အယ်ဇာဟှာ ကော်ဘန်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ် (အယ်ဓိပါယ်ဟှ ဘုရားသခင်ဟှို လှူဘီးဟှူ အောက်စာဖြစ်ဟှယ်)၊ 12 အယ်မျိုးဆိုဟှာ နန်းနို့ဟှ အယ်အောက်စာလေဟှို သောင်းပြုဘီးဟှာ သူ့ရဲ့ မိဖဟှို ကူညီဟှို့တွပ် ခွမ့်ပေးဟှယ်။ 13 အယ်မျိုးဘဲ့ နန်းနို့လေဟှ တခြားလူလေဟှို လတ်ဆစ်ကမ်းလိုက်ဟှူ သွန်သန်မှုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဖျစ်ပစ်ဂေ့ဟှယ်။ အယ်ဆိုဟှာ အယ်မျိုးဇာလေ ဘောင်ဂီးဟှို နန်းနို့လေ လောက်ဂေ့ဟှယ်။"
လူဟှို ညစ်ညူးစေဟှူ ဇာလေကြောန်း
14 အယ်ဘီးန ယေရှုဟှ လူအောက်ဂီးဟှို သူ့နားဟှို ပ္လန်ခေါ်ဘီးဟှာ "နန်းနို့အားလောင်း ငါ့စကားဟှို နားထောန်ဘီးဟှာ နားလည်ဂေ့။ 15 ပ္လန်ဟှနေ လူထဲဟှိုဝမ်ဘီး လူဟှို ညစ်ညူးစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ။ လူထဲဟှနေ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးနိုင်ဟှယ်။ "