မီးမဂီးတယော့-က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
24 အယ်ဘီးန ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးဟှာ တုရုဗြို့တော်န နီးဟှူ ဒေသဟှို သွားလိုက်ဟှယ်။ ကိုယ်တော်ဟှာ အီတအီထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ကိုယ်တော် ရှိနေဟှယ် ဆိုဇာဟှို ဖယ်သူ့ဟှိုလဲ သိစေရှင်ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပူးဘီးနေနိုင်ဟှ။ 25 ညစ်ညူးဟှူ နတ် ဝမ်ပူးနေဟှူ သမီးငယ်ရဲ့ မိဟှ ယေရှုကြောန်းဟှို ကြားဟှူ ခီမာ ကိုယ်တော်နားဟှို ရှစ်ရှင်း ရော့-က်လာဘီးဟှာ ခေရင်းမာ ဒူးထော့-က်လေဟှယ်။ 26 အယ်မီးမဂီးဟှာ ရှုရိဖိနိတ်နယ်သူ လူမျိုးခြားဖြစ်ဟှယ်။ သူ့ရဲ့ သမီးထဲဟှ နတ်ဆိုးဟှို နှန်ထုဟှို့တွပ် ယေရှုဟှို တောန်းလျှော့-က်ဟှယ်။ 27 အယ်ဘေမဲ့ ယေရှုဟှ "သားမီးလေဟှို ရင်ဦးဆောင်းကျွေးခွမ့်ပေးပါ။ သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးလေဟှို ပစ်ပေးဇာဟှာ မှန်ဟှ" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
28 အယ်မီးမဂီးဟှ "သခင်၊ ဗွဲအော့-က်ဟှ ခွီးလေဟှိုမှ သားမီးလေရဲ့ စားကြွင်းစားကျန်လေဟှို စားရဂေ့ဟှယ်!" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
29 အယ်ကြောန့် ယေရှုဟှ "အယ်မျိုး ပ္လန်လျှော့-က်ဟှူကြောန့် အီဟှို ပ္လန်ဟှားလိုက်။ နတ်ဆိုးဟှာ နန့်သမီးထဲဟှနေ ထွပ်ဟှားဘီ ဆိုဇာဟှို နန်တွိရလေ့မယ်!" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
30 အယ်မီးမဂီးဟှ အီဟှို ပ္လန်ရော့-က်ဟှားဟှူ ခီမာ သူ့ရဲ့ သမီးဟှာ အိယာထဲမာ လဲလျောင်းနေဇာဟှို တွိရဇာဟှ သူ့နားဟှ နတ်ဆိုး ထွပ်ဟှားပီးဘီ ဆိုဇာဟှို သိရလေဟှယ်။