ယေရှုဟှာ ဗက်ဇဲဒဝါမာ မျစ်ကန်းတယော့-က်ဟှို ဗြင်စေဟှူကြောန်း
22 သူးနို့လေဟှာ ဗက်ဇဲဒဝါဟှို ရော့-က်လာဂေ့ဟှယ်။ အယ်နေရာမာ လူတချို့ဟှ မျစ်ကန်းတယော့-က်ဟှို ယေရှုနားဟှို ခေါ်လာဘီးဟှာ အယ်လူဟှို တို့ထိဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။ 23 ယေရှုဟှ မျစ်ကန်းဟှို လတ်ဆွဲဘီးဟှာ ဝါပ္လန်ဟှို ခေါ်ဟှားလိုက်ဟှယ်။ အယ်လူရဲ့ မျစ်စိဟှို ထွီးရယ်နထွီးဘီးန ယေရှုဟှာ သူ့ထတ်မာ လတ်လေဟှို တန်လိုက်ဘီးဟှာ "နန် တခုခုဟှို ဗြင်ရဘဲ့လော" ဆိုဘီး မေးလေဟှယ်။
24 အယ်လူဟှ မော့ကေ့လိုက်ဘီး "ကျွန်တော်ဟှာ လူလေဟှို ဗြင်ရဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှ သစ်ပန်လေမျိုး လမ်းရှော့-က်နေဂေ့ဟှယ်" ဆိုဘီး ပြောလေဟှယ်။
25 ယေရှုဟှာ အယ်လူရဲ့ မျစ်စိထတ်မာ လတ်လေဟှို ပ္လန်ဘီး တန်လိုက်ဟှယ်။ အယ်ခီမာ အယ်လူဟှာ အားစိုက်ဘီး ကေ့လိုက်ဇာ သူ့ရဲ့ မျစ်စိလန်းရောန် ပ္လန်ရဟှားဘီး သူဟှာ ဂူလောင်းဟှို ရှင်းရှင်းလန်းလန်းဟှား ဗြင်ဟှားဟှယ်။ 26 ယေရှုဟှ သူ့ဟှို "ဝါထဲဟှို ပ္လန်ဝမ်န" ဆိုဘီးဟှာ မိန့်ပေးဘီး အီဟှို ပ္လန်ခိုင်းလိုက်လေဟှယ်။