34 အယ်ဘီးန ယေရှုဟှာ လူအောက်ဂီးန တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်လေဟှယ်။ ကိုယ်တော်ဟှ "ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့နော့-က်ဟှို လိုက်ရှင်ဟှယ် ဆိုဟှာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ် အယ်ဘီးဟှာ ကိုယ့်ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့-က်ဟှို လိုက်ရမယ်။ 35 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ့်သတ်ဟှို ကယ်ရှင်ဟှူ လူဟှာ သတ်ဆောင်းရှောင်းလေ့မယ်။ အယ်ဘေမဲ့ ငါ့တွပ်န ဒန်းကောန်းတွပ် သတ်ဆောင်းရှောင်းရဟှူ လူဟှာ ကိုယ့်သတ်ဟှို ကယ်ဆယ်လေ့မယ်။ 36 လူတယော့-က်ဟှာ လောက တခုလောင်းဟှို ရဘေမဲ့ သူ့ရဲ့ သတ်ဝိညာဉ် ဆောင်းရှောင်းဟှားမယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ ဖြားကျိုးလည်း မှေ့ဟှ! 37 လူတယော့-က်ဟှာ သူ့ရဲ့ သတ်ဝိညာဉ်ဟှို ပ္လန်ဝီးဟှို့တွပ် ဖြားဇာပေးနိုင်ဟှို့နူး။ 38 ဖော့-က်ပ္လန်ဘီး ပြစ်န ပ္လဲ့နေဟှူ အယ်မျိုးဆစ်မာ ဖယ်သူမဆို ငါ့န ငါ့စကားလေဟှို ယှစ်ကြော့-က်မယ် ဆိုဟှာ၊ လူ့ရဲ့သားဟှာ သူ့ဖရဲ့ ဖောင်းတာ်ဟှို ဆောန်ဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်လေနတူးဒူ လာဟှူ ခီမာ အယ်လူဟှာ ယှစ်ကြော့-က်ခံရလေ့မယ်" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
Publicidade
Publicidade