38 ဖော့-က်ပ္လန်ဘီး ပြစ်န ပ္လဲ့နေဟှူ အယ်မျိုးဆစ်မာ ဖယ်သူမဆို ငါ့န ငါ့စကားလေဟှို ယှစ်ကြော့-က်မယ် ဆိုဟှာ၊ လူ့ရဲ့သားဟှာ သူ့ဖရဲ့ ဖောင်းတာ်ဟှို ဆောန်ဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်လေနတူးဒူ လာဟှူ ခီမာ အယ်လူဟှာ ယှစ်ကြော့-က်ခံရလေ့မယ်" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။