ဘုရားသခင်ရဲ့ မှုတော်ဟှို ဆောန်ဟှို့တွပ် ဖယ်မျိုးသတ်ရှင်ရဟှို့ကြောန်း
1 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ဘုရားသခင်ရဲ့ ကရုဏာတော်အားဖြင့် နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဇာဟှ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှို ဘုရားသခင် နှစ်သက်ဟှူ သန့်ရှင်းရှင်း လတ်ခဏာဘောန်းဇောင်န ပ္လဲ့ဇောင်ဟှူ သတ်ရှင်ရှင်း ယဇ်ဖြစ် ဆစ်ကပ်ပူဇော်ဂေ့ပါ။ အယ်မျိုးပြုဟှူဇာဟှ နန်းနို့လေဟှာ မှန်ကန်ဟှူ ဝတ်ပြုကိုးကွယ်ရှင်း ဖြစ်လေဟှယ်။ 2 နန်းနို့လေဟှာ လောကီ ပေါင်သဏ္ဌာန်ဟှို ဆောန်ဂေ့န။ ကောန်းမြတ်ဟှူဇာ၊ စောင်လင်ဟှူဇာဖြစ်ဟှူ ဘုရားသခင် လိုတော်ရှိဟှူဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာဟှို ပိုင်းခြားနိုင်ဟှို့တွပ် စိနှလောင်းဟှို သစ်ပြုပြင်ရှင်းအားဖြင့် ပေါင်သဏ္ဌာန် ပ္လောန်းလဲရှင်း ရှိဂေ့ပါ။