6 ၁၂.၆–၈ ၁ ကော ၁၂.၄–၁၁နို့လေမာ ပေးအပ်တော်မူဟှူ ကျေးဇူးတော်တိုင်း ထူးထူးပြားပြားရှိဟှူ ဆုကျေးဇူးတော်လေဟှို ရရှိဂေ့ဟှယ်။ အယ်ကြောန့် အယ်ဆုကျေးဇူးဟှာ ပရောဖက်ပြု ဟောပြောရှင်းဖြစ်ဟှယ် ဆိုဟှာ ယောင်ကြည်မှု ပမာဏဟှို ရဟှူတိုင်း ပရောဖက်ပြု ဟောပြောစေ။ 7 ဓမ္မမှုဆောန် ရာဟှို ရဟှယ် ဆိုဟှာ ဓမ္မမှုဟှို ဆောန်ရွပ်စေ။ ဆောင်းမဩဝါဒ ပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ အယ်မှုဟှို လောက်ဆောန်စေ။ 8 တိုက်တွန်းအားပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ တိုက်တွန်းအားပေးရှင်းမှုဟှို ပြုစေ။ ဝီမျှပေးကမ်းသူဟှာ ရစ်ရစ်ရောရော ပေးကမ်းစေ။ စီမံအောက်ချောက်ဟှူ သူဟှာ လောင်းလဝီရိယန စီမံအောက်ချောက်စေ။ သူတပါးဟှို မစသနားရှင်းမှုဟှို ပြုသူဟှာ စေတနာစိန ကူညီမဇစေ။