စိုးရမန်းဟှို ပြုအပ်ဟှူဝတ်ကြောန်း
1 လူတိုင်း စိုးရမန်းရဲ့ မိန့်အာဏာဟှို လိုက်နာဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ဘုရားသခင်ရဲ့ ခွမ့်မှေ့ဘဲနေဟှာ၊ မန်းအာဏာဆိုဇာလည်း မှေ့ဟှ။ အာဏာပိုင်လေ ဂူလောင်းဟှို ဘုရားသခင် ခန့်အပ်ဟှားကြောန့် ဖြစ်ဟှယ်။ 2 အယ်ကြောန့်၊ မန်းရဲ့ ခွမ့်အာဏာဟှို လွန်ဆန်သူဟှာ ဘုရားသခင်ဟှို လွန်ဆန်သူ ဖြစ်ဟှယ်။ အယ်မျိုးပြုဟှူ သူလေဟှာ ပြစ်စီရင်ရှင်းဟှို ခံရမယ်။ 3 မန်းဆိုဇာဟှ ကောန်းဟှူ ကျင့်ဟှို ကျင့်ဟှူသူလေ ကြော့-က်ရဟှို့ မှုဘဲန ကောန်းဘဲကျင့်လေဟှို ပြုကျင့်သူလေ ကြော့-က်ရဟှို့ ဖြစ်ဟှယ်။ မန်းရဲ့ ခွမ့်အာဏာဟှို ကြော့-က်ဘဲန နေရှင်လော။ အယ်ဆိုဟှာ ကောန်းဟှူ ကျင့်ဟှို ကျင့်ပါ။ အယ်မျိုးကျင့်ဟှယ် ဆိုဟှာ သူရဲ့ ချီးမွမ်းရှင်းဟှို ခံရလေ့မယ်။ 4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မန်းဟှာ နန်းနို့လေရဲ့ ကျိုးတွပ် ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ဟှယ်။ ကောန်းဘဲကျင့်ဟှို ကျင့်ဟှယ် ဆိုဟှာ ကြော့-က်ဂေ့ပါ။ သူဟှာ ထားဟှို သတ်သတ်မဲ့ ကိုင်ဟှားဇာ မှုဟှ။ သူးနို့လေဟှာ ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ကြောန့် ကောန်းဘဲဟှူ ကျင့်လေဟှို ကျင့်ဟှူသူလေဟှို ဘုရားသခင်ကိုယ်စား ပြစ်ဒန်စီရင်သူလေဖြစ်ဟှယ်။ 5 အယ်ကြောန့် ပြစ်ဒန်ဟှို ကြော့-က်ဟှိကြောန့် မန်းအာဏာရဲ့ အောက်စိုးမှုဟှို ဝန်ခံဇာ မှုဘဲန၊ ဘုရားသခင်ရဲ့ စီရင်ရှင်းဟှို ကြော့-က်ဟှိကြောန့်လည်း မှုဘဲန ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့-က်ဘီးဟှာ ဝန်ခံရမယ်။
6 ၁၃.၆,၇ မ ၂၂.၂၁; မာ ၁၂.၁၇; လု ၂၀.၂၅ အယ်ကြောန့် နန်းနို့လေ အခွန်ဟှို ပေးဆောန်ဂေ့ပါ။ စိုးရအာဏာပိုင်လေဟှာ သူးနို့တာဝန်ဟှို ကျေပွန်အောန် ထမ်းဆောန်နေဟှူ ဘုရားသခင်ရဲ့ မှုဆောန်လေဖြစ်ဟှယ်။ 7 အယ်ကြောန့် နန်းနို့လေ ပေးဆောန်ဇာရှိဟှူတိုင်း ပေးဆောန်ဂေ့ပါ။ ခွန်ခံထိုက်ဟှူသူဟှို ခွန်ပေးဂေ့ပါ။ ကြော့-က်ထိုက်ဟှူသူဟှို ကြော-က်ဂေ့ပါ။ ရိုသေထိုက်ဟှူသူဟှို ရိုသေဂေ့ပါ။