ညီကို မောန်နှမလေဟှို ပြစ်တန်ဝေဖန်မှု မလောက်ဟှို့ကြောန်း
1 ၁၄.၁ ကော ၂.၁၆ ယောင်ကြည်ရှင်းအားနဲသူလေဟှို လတ်ခံဂေ့ပါ။ အယ်ဘေမဲ့ သူခံယူဇာန ပတ်သတ်ဘီး ဂြင်းခူလောက်ဂေ့န။ 2 တချို့သူလေဟှာ စားဇာဘောန်းဇောင်ဟှို စားအပ်ဟှယ် ဆိုဘီး ယောင်ကြည်ဂေ့ဟှယ်။ အားနဲဟှူသူဟှာ ဟန်းသီးဟန်းဝပ်လေဟှိုဘဲ့ စားတတ်ဟှယ်။ 3 စားဇာဘောန်းဇောင်ဟှို စားဟှူသူဟှ စားဘဲနေသူဟှို ထီမဲ့မြင်လောက်န။ စားဘဲနနေဟှူသူဟှလည်း စားဟှူသူဟှို စစ်ကြောစီရင်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ဟှို လတ်ခံတော်မူဘီ။