4 နန်ဟှ ဖယ်မျိုးဟှူသူဖြင့်ကြောန့် သူများပိုင်ဟှူ စေခံဟှို စစ်ကြောစီရင်ဟှယ်နူး။ သူဟှာ သူ့သခင် စီရင်ဇာအားဖြင့် ပြစ်လွတ်ရှင်းန ပြစ်စီရင်ရှင်းဟှို ရော့-က်လေ့မယ်။ သူဟှာ ပြစ်လွတ်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ သူ့ရဲ့ပြစ်ဟှို လွတ်ပေးဟှို့တွပ် တတ်နိုင်တော်မူဟှယ်။
5 တချို့လူလေဟှာ နေ့ရစ်တရစ်ထတ် တရစ်ဟှာ ပိုဘီး ရေးကီးဟှယ် ဆိုဘီး စီရင်ဂေ့ဟှယ်။ တချို့လူလေဟှလည်း နေ့ရစ်တိုင်းဟှာ တူးဒူဘဲ့ဖြစ်ဟှယ် ဆိုဘီး ယူဆဂေ့ဟှယ်။ လူတိုင်း ကိုယ့်ရဲ့ယောင်ကြည်ချစ်တိုင်း ခိုင်မြဲပါစေ။ 6 နေ့ရစ်ဟှို စောန့်ထီးဟှူသူဟှာ ဘုရားသခင်တွပ် စောန့်ဟှယ်။ စားဟှူသူဟှလည်း ဘုရားသခင်ဟှို ထော့-က်ဘီး စားဟှယ်။ စားဘဲနေဟှူ သူဟှလည်း ဘုရားသခင်ဟှိုထော့-က်ဟှူကြောန့် စားဘဲနနေဘီး ကျေးဇူးတော်ဟှို ချီးမွမ်းဝန်ခံလေဟှယ်။ 7 နို့လေထဲမာ ဖယ်သူဟှလည်းဘဲ့ ကိုယ့်တွပ် သတ်ရှင်ဟှ။ ဖယ်သူဟှလည်း ကိုယ့်တွပ် သေဟှ။