ဘုရားသခင်ရှေ့တော်မာ ဖယ်မျိုးအားဖြင့်ဖြောန့်မတ်ဟှူကြောန်း
21 ခုမာ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှ သတ်သေခံဟှူတိုင်း၊ ပညတ်တရားရဲ့ကျင့်န လောင်းဝစပ်ဆိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူတရားဟှာ ထန်ရှားလေဘီ။ 22 ၃.၂၂ ဂလာ ၂.၁၆ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူဇာအားဖြင့် ယောင်ကြည်ဟှူသူလေထတ်မာ သတ်ရော့-က်စေဟှူ ဘုရားသခင်ရဲ့ဖြောန့်မတ်ရှင်း ဖြစ်ဟှယ်။ လူလေဟှာ ခြားနားမှု လောင်းဝမှေ့ဟှ။ 23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းဟှာ ပြစ်ကျူးလွန်ဘီး ဘုရားသခင်ရဲ့ မျစ်မှော့-က်တော်န ဝီးကွာဟှားဂေ့ဘီ။ 24 အယ်ဘေမဲ့ ယေရှုခရစ်တော်ရဲ့ ဝီးကော့-က်ရှင်းအားဖြင့် ဖိုးခပေးဇာလိုဘဲဟှူ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောန့် ဖြောန့်မတ်ရာဟှို ရော့-က်ရဂေ့ဟှယ်။