16 နော့-က်ဘီး လူတယော့-က် ပြစ်မှားဟှူဇာန ကျေးဇူးတော်ဟှာ တူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားစီရင်ခီမာ ပြစ်ကြောန့် "ဒန်ခံစေ" ဆိုဘီး စီရင်ဟှယ် ဆိုဟှာ ကျေးဇူးတော်ဟှ ပြစ်ဘောင်ဂီးရှိနေဘေမဲ့ "လွတ်စေ!" ဆိုဘီး စီရင်ခ္လမှတ်လေဟှယ်။ 17 နော့-က်ဘီးဟှာ လူတယော့-က် ပြစ်မှားကြောန့် သေရှင်းတရားဟှာ အယ်သူအားဖြင့် စပြုဘီး ဝမ်ရော့-က်လာဟှယ် ဆိုဟှာ တယော့-က်သောသူဖြစ်ဟှူ ယေရှုခရစ်တော်ရဲ့ လောက်ဆောန်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြွယ်ဝဟှူ ကျေးဇူးတော်န ဖြောန့်မတ်ရှင်း ကောန်းဂျီးဟှို ခံစားခွမ့်ရဟှူ သူလေဟှာ ယေရှုခရစ်အားဖြင့် သတ်ရှင်ဘီး စိုးစံလေ့မယ်!