3 အယ်လော့-က်နကဟှ ဆင်းရဲဒေါက်ခလေနှိုက်လည်း ဝါကြွားဝန်းသာမှုရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆင်းရဲဒေါက်ခလေဟှာ သီးခံရှင်းဟှို ဖြစ်စေကြောန့် ဖြစ်ဟှယ်။ 4 သီးခံမှုဟှာ ခံနိုင်ရည် ခွန်အားဟှိုရဘီး ဘုရားသခင်ရဲ့ မျစ်နှာသာဟှို ပိုဘီး ခံစားရလေဟှယ်။ ဘုရားသခင်ရဲ့ မျစ်နှာသာဟှလည်းဘဲ့ မျှော်လင့်ရှင်းဟှို တိုးပွားစေဟှယ်။ 5 အယ်မျှော်လင့်ရှင်းဟှလည်း ယှစ်ကြော့-က်စိပျစ်မှုလေန လွတ်ကင်းစေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှိုပေးသနားတော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဘုရားသခင်ရဲ့ မြစ်တာတော်ဟှို နို့လေရဲ့နှလုံးသားထဲဟှို သွန်းလောင်းပေးတော်မူဟှူကြောန့် ဖြစ်လေဟှယ်။