7 ဖြောန့်မတ်ဟှူ သူလေတွပ်ကြောန့် သေခံပေးဟှို့သူ ရှိဟှို့ခဲယဉ်းဟှယ်။ သူတော်ကောန်းတွပ်ကြောန့် သေခံရဲဟှူသူလေ ရှိရှင်ဟှာရှိလေ့မယ် မှန်စေဝေါ့။ 8 အယ်ဘေမဲ့ နို့လေပြစ်ရှိနေဟှူ ခီမာဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် သေခံတော်မူဟှူဇာအားဖြင့်၊ ဘုရားသခင်ဟှာ နို့လေဟှို ဖယ်မျှလော့-က် ရှစ်နူးဆိုဇာဟှို ထန်းထန်ရှားရှား ဖော်ပြတော်မူလေဟှယ်!