12 အယ်ကြောန့် နန်းနို့လေဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ တပ်မတ်မှုနော့-က်ဟှို လိုက်မိဘဲနေအောန် ပြစ်တရားဟှာ နန်းနို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာဟှို အောက်စိုးစေန။ 13 နန်းနို့လေရဲ့ ကိုယ်အင်္ဂါလေဟှိုလည်း ဒုစရိုက် လတ်နတ်လေဖြစ် ပြစ်တရားဟှို ဆစ်သဂေ့န။ အယ်မျိုးလောက်မယ့်စား သေနေဟှူ လူလေထဲဟှ သတ်ရှင်နေသူမျိုး ကိုယ့်ရဲ့ကိုယ်ဟှို ဘုရားသခင်ဟှို ဆစ်သဘီး နန်းနို့လေရဲ့ ကိုယ်အင်္ဂါလေဟှို ဖြောန့်မတ်ရှင်းရဲ့ လတ်နတ်ဖြစ်န ဘုရားသခင်ဟှို ဆစ်သဂေ့ပါ။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ပညတ်တရားရဲ့ လတ်အော့-က်မာ မှေ့ဟှ။ ဘုရားသခင်ရဲ့ ကျေးဇူးတရား လတ်အော့-က်မာ ရှိဟှူကြောန့် ပြစ်တရားဟှ နန်းနို့လေဟှို အောက်စိုးဟှို့ ရဟှ။
ဖြောန့်မတ်ဟှူ တရားရဲ့ ကျွန်လေကြောန်း
15 အယ်မျိုးဆိုဟှာ ဖယ်မျိုးနူး။ နို့လေဟှာ ပညတ်တရားလတ်မာ မှေ့ဘဲန ဘုရားသခင်ရဲ့ ကျေးဇူးတရားလတ်မာ ရှိဟှူကြောန့် ပြစ်ပြုရဟှို့လော။ လောင်းဝပြုဟှို့ရဟှ! 16 နန်းနို့လေဟှာ ယော့-က်ယော့-က်နားမာ ကျွန်ဖြစ်န စေခံဟှယ် ဆိုဟှာ အယ်သူဟှာ သေရှင်းန ယှဉ်ဟှူ ပြစ်တရားဘဲ့ဖြစ်ဖြစ်၊ ဖြောန့်မတ်ရာဟှို ရော့-က်ဟှူဇာန ယှဉ်ဟှူ နားထောန်ရှင်း တရားဘဲ့ဖြစ်ဖြစ် နန်းနို့ရဲ့ သခင်ဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။ 17 နန်းနို့လေဟှာ စဟှ ပြစ်တရားရဲ့ ကျွန်လေ ဖြစ်ဖူးဟှူလည်းဘဲ့ ခုခံယူဘီးဟှူ ဩဝါဒ နည်းဥပဒေသ စကားလေဟှို စိနှလောင်းကြွင်းမဲ့န နားထောန်ဂေ့ဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 18 နန်းနို့လေဟှာ ပြစ်တရားလတ်ဟှ လွတ်ဘီး ဖြောန့်မတ်ဟှူ တရားရဲ့ ကျွန်ဖြစ်ဂေ့ဟှယ်။