2 အယ်မျိုး နေဟှို့ ရဟှ! ပြစ်တရားထဲမာ သေဘီးဟှူ နို့လေဟှာ ပြစ်တရားထဲမာ ဖယ်မျိုး သတ်ရှင်ရအူးမယ်နူး။ 3 ခရစ်တော်ယေရှုန တလောင်းတဝဒဲ ဖြစ်ဟှို့တွပ် ဗတ္တိဇံခံဟှူ နို့လေဟှာ တခီဒဲမာဘဲ့ ကိုယ်တော်နတူးဒူ သေခံဟှို့တွပ် ဗတ္တိဇံဟှို ခံဂေ့ဟှယ်။ 4 ၆.၄ ကော ၂.၁၂အယ်မျိုး နို့လေရဲ့ ဗတ္တိဇံခံရှင်းဟှာ သေခံဟှူဇာအားဖြင့် ခရစ်တော်နတူးဒူ သင်္ဂြိုဟ်ရှင်းဟှို ခံလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ဖရဲ့ ဖောင်းတဂိုးတော်အားဖြင့် သေရှင်းဟှနေ ရှင်ပ္လန်ထမြော့-က်လာဟှူတိုင်းဘဲ့ နို့လေလည်း သတ်တာသစ်န ကျင်လည်ရဂေ့ဟှို့တွပ် ဖြစ်ပါဟှယ်။
5 တနည်းအားဖြင့် သေခံတော်မူရှင်းရဲ့ ပေါင်သဏ္ဌာန်ဟှို ဆောန်ဘီးဟှာ ကိုယ်တော်နတူးဒူ နို့လေစိုက်ပျိုး မ္လောက်နှံဟှယ် ဆိုဟှာ ထမြော့-က်ဟှူ ပေါင်သဏ္ဌာန်ဟှိုလည်း ဆောန်ဟှူဇာအားဖြင့် စိုက်ပျိုးမ္လောက်နှံဟှူဇာ ဖြစ်ပါဟှယ်။ 6 နို့လေရဲ့ လူဟောန်းဟှာ ခရစ်တော်နတူးဒူ လတ်ဝါးကပ်တိုင်မာ သေခံရပီးဘီ ဆိုဟှူဇာဟှို နို့လေသိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ နော့-က်မှ ပြစ်တရားဟှို စေခံဘဲနေဟှို့တွပ် ပြစ်တရားရဲ့ကိုယ်ဟှို ဖျစ်ဆီးပစ်ဟှို့တွပ် ဖြစ်ဟှယ်။ 7 ခရစ်တော်နတူးဒူ သေဟှူသူဟှာ ပြစ်တရားရဲ့ လတ်ဟှနေဘီး လွှတ်မြော့-က်ဟှားဘီ ဖြစ်ဟှယ်။