4 ၆.၄ ကော ၂.၁၂အယ်မျိုး နို့လေရဲ့ ဗတ္တိဇံခံရှင်းဟှာ သေခံဟှူဇာအားဖြင့် ခရစ်တော်နတူးဒူ သင်္ဂြိုဟ်ရှင်းဟှို ခံလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ဖရဲ့ ဖောင်းတဂိုးတော်အားဖြင့် သေရှင်းဟှနေ ရှင်ပ္လန်ထမြော့-က်လာဟှူတိုင်းဘဲ့ နို့လေလည်း သတ်တာသစ်န ကျင်လည်ရဂေ့ဟှို့တွပ် ဖြစ်ပါဟှယ်။
5 တနည်းအားဖြင့် သေခံတော်မူရှင်းရဲ့ ပေါင်သဏ္ဌာန်ဟှို ဆောန်ဘီးဟှာ ကိုယ်တော်နတူးဒူ နို့လေစိုက်ပျိုး မ္လောက်နှံဟှယ် ဆိုဟှာ ထမြော့-က်ဟှူ ပေါင်သဏ္ဌာန်ဟှိုလည်း ဆောန်ဟှူဇာအားဖြင့် စိုက်ပျိုးမ္လောက်နှံဟှူဇာ ဖြစ်ပါဟှယ်။