9 သေရှင်းဟှနေ ရှင်ပ္လန်ထမြော့-က်ဟှူ ခရစ်တော်ဟှာ နော့-က်ထပ် လောင်းဝမသေဘီ ဆိုဇာဟှို နို့လေသိဂေ့လေဟှယ်။ သေရှင်းတရားဟှ ကိုယ်တော့်ဟှို နော့-က်ထပ် အောက်စိုးဟှို့ မရဟန်း။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော် သေခံဟှူဇာဟှ ပြစ်တရားတွပ်ကြောန့် တခါဘဲ့ သေခံတော်မူဟှယ်။ ခုသတ်ရှင်ရှင်းဟှာ ဘုရားသခင်နှိုက် သတ်ရှင်တော်မူဟှယ်။