24 ငါဟှာ ရရာတိုင်း စိပျစ်ဇာကောန်းဟှူ လူတယော့-က်ဖြစ်ဟှယ်! သေတတ်ဟှူ အယ်မူခန္ဓာ ပေါက်ကောန်ဟှနေဘီး ငါ့ဟှို ဖယ်သူကယ်တန်ပေးမယ်နူး။ 25 နို့လေရဲ့ သခင် ယေရှုခရစ်တော်အားဖြင့် ကယ်လွှတ်ပေးတော်မူဟှူ ဘုရားသခင်ဟှာ ရရာတိုင်းဘဲ့ ကျေးဇူးကီးမားလှပါဟှယ်!
အယ်မျိုး ငါဟှာ ကိုယ့်စိဝိညာဉ်အားဖြင့် ဘုရားသခင်ရဲ့ ပညတ်တော် အော့-က်မာ စေခံဟှူလည်းဘဲ့ ဇာတိသွီးသားအားဖြင့် ပြစ်တရားဟှို စေခံနေရဇာ ဖြစ်ဟှယ်။