Pular para o conteúdo
Publicidade

ရောမ 8

ဝိညာဉ်တော်အားဖြင့် သတ်ရှင်ဟှူကြောန်း

1 အယ်ကြောန့် ခုခီမာ ခရစ်တော်ယေရှုနှိုက် ရှိဟှူသူလေဟှာ ပြစ်စီရင်ဇာဟှို ခံရဟန်း။ 2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ယေရှုနှိုက် သတ်ရှင်ဟှို့တွပ် ဝိညာဉ်တော်တရားဟှာ ပြစ်တရားန သေရှင်းတရားဟှနေဘီး ငါ့ဟှို၈.၂ ငါ့ဟှို၊ တချို့ မူရင်းလတ်ရေးမူလေမာ နန်ဟှို၊ ဆိုဘီး ပါရှိဘီး၊ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေဟှို၊ ဆိုဘီး ပါရှိဟှယ်။ လွတ်မြော့-က်စေတော်မူဘီ။ 3 ဇာတိပကတိကြောန့် ပညတ်တရားဟှာ အားနဲဘီး တတ်နိုင်ဘဲဟှူမှုဟှို ဘုရားသခင် ပြုတော်မူဟှို့တွပ် ပြစ်နပ္လဲ့ဝဟှူ ဇာတိပကတိရဲ့ သဏ္ဌာန်ဟှို ဆောန်ဟှူ သူ့ရဲ့ သားတော်ဟှို စေလွှတ်ဘီးဟှာ ပြစ်ဖြေဟှို့တွပ် ဇာတိပကတိနှိုက် ပြစ်ဟှို ဒန်ပေးတော်မူလေဟှယ်။ 4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဇာတိသွီးသားတိုင်း သတ်ရှင်ဘဲ ဝိညာဉ်တော်အားဖြင့် သတ်ရှင်နေထိုင်ဟှို့တွပ် ပညတ်တော်မာပါဟှူ တရားတော်ဟှို လိုက်နာကျင့်သောင်းဟှို့တွပ် ဖြစ်လေဟှယ်။ 5 ဇာတိသွီးသားရဲ့ လိုဆန္ဒတိုင်း သတ်ရှင်ဟှူသူလေဟှာ ဇာတိသွီးသားန သတ်ဆိုင်ဟှူဇာလေဟှိုဘဲ့ စိစွဲလမ်းဂေ့ဟှယ်။ ဝိညာဉ်တော်ရဲ့ လိုတော်တိုင်း သတ်ရှင်ဟှူ သူလေဟှာ ဝိညာဉ်တော်န သတ်ဆိုင်ဟှူ ဇာလေဟှိုဘဲ့ စိစွဲလမ်းလေဟှယ်။ 6 ဇာတိသွီးသားနဆိုင်ဟှူ ဇာလေဟှို စိစွဲလမ်းဟှူ သူလေဟှာ သတ်ဆောင်းရှောင်းလေ့မယ်။ ဝိညာဉ်တော်န ဆိုင်ဟှူဇာဟှို စိစွဲလမ်းဟှူ သူလေဟှာ သတ်ရှင်ရှင်းန ငြီသတ်ရှင်းဟှို ရလေ့မယ်။ 7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိသွီးသားန ဆိုင်ဟှူဇာလေဟှို စိစွဲလမ်းဟှူ သူလေဟှာ ဘုရားသခင်န ဆန့်ကျင်ဖတ်ပြုဟှူသူ ဖြစ်ဟှယ်။ အယ်မျိုး စိစွဲလန်းဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို လိုက်ရှော့-က်တတ်ဟှ။ လိုက်လည်း လိုက်ရှော့-က်နိုင်ဂေ့ဟှ။ 8 အယ်ကြောန့် ဇာတိသွီးသားတိုင်း သတ်ရှင်သူလေဟှာ ဘုရားသခင်ရဲ့ စိတော်န တွိနိုင်ဟှ။

9 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်တော်မူဟှာ နန်းနို့လေဟှာ ဇာတိပကတိဖတ်မာ မှေ့ဟှ ဝိညာဉ်ပကတိဖတ်မာ ရှိလေဟှယ်။ ခရစ်တော်ရဲ့ ဝိညာဉ်ဟှို ရဘဲသူဟှာ ခရစ်တော်န လောင်းဝ သတ်ဆိုင်ဟှ။ 10 အယ်ဘေမဲ့လည်း ခရစ်တော်ဟှာ နန်းနို့ထဲမာ သတ်ရှင်နေဟှယ် ဆိုဟှာ ကိုယ်ခန္ဓာဟှာ ပြစ်ကြောန့် သေရဟှူလည်းဘဲ့ ဝိညာဉ်ဟှ ဖြောန့်မတ်ရှင်းကြောန့် သတ်ရှင်လေဟှယ်။၈.၁၀ ဝိညာဉ်ဟှ ဖြောန့်မတ်ရှင်းကြောန့် သတ်ရှင်လေဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ နန့်ရဲ့ ဝိညာဉ်ဟှာ သတ်ရှင်လေဟှယ်။ 11 ၈.၁၁ ၁ ကော ၃.၁၆အယ်လော့-က်နကဟှ သခင်ယေရှုဟှို သေရှင်းဟှနေဘီး ရှင်ပ္လန်ထမြော့-က်စေဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်ဟှယ် ဆိုဟှာ ခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့-က်စေဟှူ သခင်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်ဟှူ သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်ဟှူ နန်းနို့ ကိုယ်ခန္ဓာဟှိုလည်း ရှင်စေတော်မူလေ့မယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.