13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ လူ့ဇာတိလိုဟှိုလိုက်ဘီး သတ်ရှင်မယ် ဆိုဟှာ သေဂေ့ရလေ့မယ်။ အယ်ဘေမဲ့ ဝိညာဉ်တော်အားဖြင့် နန်းနို့ရဲ့ ကိုယ်ခန္ဓာကျင့်လေဟှို သေစေမယ် ဆိုဟှာ သတ်ရှင်ရလေ့မယ်။ 14 ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆောင်းမပဲ့ပြင်တော်မူရှင်းဟှို ခံရဟှူသူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဟှယ်။