နာဂတ်ဖောင်းသရေတော်ကြောန်း
18 ခုမျစ်မှော့-က်ကာလမာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခဟှာ နော့-က်တခီမာ ထန်ရှားလာမယ့် ဖောင်းသရေတော်န နှိုင်းယှဉ်မယ် ဆိုဟှာ ပမာဏထားဇာ ကြောန်းမှေ့ဟှ ဆိုဘီး ငါမှတ်ယူဟှယ်။ 19 ဖန်ဆင်းခံလောက တခုလောင်းဟှာ ဘုရားသခင်ရဲ့ သားလေ ထန်ရှားဘီး ပေါ်ထွပ်လာဟှို့တွပ် ရရာတိုင်းဘဲ့ မျှော်လင့်တောန့်တ နေလေဟှယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖန်ဆင်းခံလောကဟှာ အနတ္တဖြစ်ဟှို ရော့-က်ဟှူဇာဟှ သူ့ရဲ့ဆန္ဒအားဖြင့်မှုဘဲ ဘုရားသခင်ရဲ့ လိုတော်ကြောန့်ဘဲ့ဖြစ်ဟှယ်။ 21 အယ်ဘေမဲ့ အယ်မျှော်လင့်ချစ်ဟှာ တနေ့တခီမာ ဖန်ဆင်းခံ လောကကိုယ်တိုင် ပျစ်စီးရှင်းကျွန်ဖြစ်ဟှနေ လွှတ်မြော့-က်ဘီး ဘုရားသခင် သားမီးလေရဲ့ ဖောင်းသရေတော်န ပ္လဲ့ဝဟှူ လွှတ်ရှင်းချမ်းသာထဲဟှို ခေါ်ဆောန်ဟှို့တွပ် မျှော်လင့်ရှင်း ရှိဟှူကြောန့်ဖြစ်ဟှယ်။ 22 ဖန်ဆင်းခံ ကမ္ဘာလောက တခုလောင်းဟှာ ခုခီထိ တူးဒူညည်းတွားဘီး သားမွီးဟှူ ဝေဒနာဟှူမျိုး ဒေါက်ခဝေဒနာလေဟှို ခံစားရဇာဟှို နို့လေသိဂေ့ဟှယ်။ 23 ၈.၂၃ ၂ ကော ၅.၂–၄အယ်လော့-က်နမကဟှ ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်ဟှို ရင်ဦးဆောင်း ခံရဟှူ နို့လေလည်း သားမီးရာဟှို ရဟှူဇာဖြစ်ဟှူ၈.၂၃ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေလည်း သားမီးရာဟှို ရဟှူဇာဖြစ်ဟှူ ဆိုဇာဟှာ မှေ့ဟှ။ နို့လေရဲ့ ကိုယ်ခန္ဓာ ဝီးကော့-က်ခံရဟှူ ဇာဟှို စောန့်မျှော်ဘီး စိနှလောင်းထဲဟှ ညီးတွားနေဂေ့ဟှယ်။ 24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ မျှော်လင့်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ခံရလေဟှယ်။ နို့လေဟှာ ကိုယ်မျှော်လင့်ဟှူ ဇာလေဟှို ဗြင်ရဟှယ် ဆိုဟှာ မျှော်လင့်ဟှို့ကြောန်း မှေ့ဟှ။ တွိဗြင်နေရဟှူ ဇာလေဟှို ဖယ်သူ မျှော်လင့်နေမယ်နူး။ 25 အယ်ဘေမဲ့ နို့လေဗြင်တွိရဘဲဟှူ ဇာလေဟှို မျှော်လင့်ဂေ့ဟှယ် ဆိုဟှာ အယ်ရာလေဟှို စိရှယ်ရှယ်နသီးခံဘီး စောန့်မျှော်ဂေ့ဟှယ်။
26 အယ်ဘေမဲ့ နို့လေတတ်နိုင်ဘဲဟှူ ဇာလေဟှို ဝိညာဉ်တော်ဟှာ မစတော်မူလေဟှယ်။ နို့လေဟှာ ဆုတောန်းသင့်ဟှူတိုင်း ဖယ်မျိုး ဆုတောန်းရမယ် ဆိုဇာဟှို သိဂေ့ဟှ။ အယ်ဘေမဲ့ နို့လေ စကားအားဖြင့် ဖော်ပြဘီးဟှာ ဆုတောန်းတတ်ဘဲန ညည်းတွားနေဟှူရာလေအားဖြင့် ဝိညာဉ်တော်ဟှာ နို့လေကိုယ်စား ဘုရားသခင်နားမာ တောန်းလျှော့-က် သနားခံပေးတော်မူဟှယ်။ 27 လူလေရဲ့ စိသဘောဟှို သိတော်မူဟှူ ဘုရားသခင်ဟှာ ဝိညာဉ်တော်ရဲ့ စိသဘောဟှိုလည်း သိတော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်ဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းဟှူမှုရာဟှို ဘုရားသခင်ရဲ့ လိုတော်နညီ သနားခံပေးတော်မူလေဟှယ်။