24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ မျှော်လင့်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ခံရလေဟှယ်။ နို့လေဟှာ ကိုယ်မျှော်လင့်ဟှူ ဇာလေဟှို ဗြင်ရဟှယ် ဆိုဟှာ မျှော်လင့်ဟှို့ကြောန်း မှေ့ဟှ။ တွိဗြင်နေရဟှူ ဇာလေဟှို ဖယ်သူ မျှော်လင့်နေမယ်နူး။ 25 အယ်ဘေမဲ့ နို့လေဗြင်တွိရဘဲဟှူ ဇာလေဟှို မျှော်လင့်ဂေ့ဟှယ် ဆိုဟှာ အယ်ရာလေဟှို စိရှယ်ရှယ်နသီးခံဘီး စောန့်မျှော်ဂေ့ဟှယ်။