28 ဘုရားသခင်ဟှို ရှစ်ဟှူသူ၊ ကြံစည်တော်တိုင်း ခေါ်တော်မူရှင်းခံရဟှူ သူလေရဲ့ ကောန်းဟှူ ကျိုးလေတွပ် ရှိမျှဂူလောင်းဟှာ တညီတညွတ်ဒဲ ပြုစုဂေ့ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။၈.၂၈ ဘုရားသခင်ဟှို ရှစ်ဟှူသူ၊ ကြံစည်တော်တိုင်း ခေါ်တော်မူရှင်းခံရဟှူ သူလေရဲ့ ကောန်းဟှူ ကျိုးလေတွပ် ရှိမျှဂူလောင်းဟှာ တညီတညွတ်ဒဲ ပြုစုဂေ့ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ကိုယ်တော့်ဟှို ရှစ်မြတ်နိုးဟှူ သူလေရဲ့ကျိုးတွပ် ဘုရားသခင်ဟှ ရှိမျှဂူလောင်းဟှို လောက်ဆောန်ပေးနေဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ 29 ဘုရားသခင် ဝီးကော့-က်တော်မူဟှူ သူလေဟှာ သူ့ရဲ့သားတော်ရဲ့ ပေါင်သဏ္ဌာန်တော်န တူဟှို့တွပ် ရှေးမဆွဟှနေဘီး ခွဲခန့်မှတ်သားဟှားလေဟှယ်။ အယ်မျိုး ဝီးကော့-က်မှတ်သားဟှူကြောန်းဟှ သားတော်ဟှာ ညီလေဘောင်ဂီးထဲမာ နောန်ဂီးဖြစ်ဟှို့တွပ် ဖြစ်ဟှယ်။ 30 အယ်မျိုး ခွဲခန့်မှတ်သားဟှားဟှူသူလေဟှို ခေါ်တော်မူဘီးဟှာ သန့်ရှင်းဖြောန့်မတ်ဟှူရာမာ တည်စေတော်မူဟှယ်။ အယ်မျိုး တည်စေဟှူသူလေဟှိုလည်း ချီးမြှော့-က်တော်မူဟှယ်။
Publicidade